ချန်ပီယံလိဒ်ဖိုင်နယ်ပွဲ မှာ အင်္ဂလိပ်ကလပ်အသင်းတွေသာ ယှဉ်ပြိုင်ကစားကြမယ်
၉ မေ
ယူအီးအက်ဖ်အေ ချန်ပီယံလိဒ် အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ပွဲစဉ်ကို လီဗာပူး နဲ့ ဘာစီလိုနာ တို့ မေ ၈ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားရာ အိမ်ရှင် လီဗာပူးအသင်း လေးဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိပြီး ပွဲစဉ် နှစ်ခုပေါင်း မှာ ၄-၃ ဂိုးဖြင့် ဖိုင်နယ်ပွဲကို တက်ရောက်သွားပါတယ်။