ဂန့်ဂေါတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်နိုင်မှု ဆုများချီးမြှင့်

ဂန့်ဂေါမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ ၂၅ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါကျေးရွာများအနက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု စံပြဆုများပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၌ ပြုလုပ်သည်။
ဝက်လက်မြို့တွင် လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
စစ်ကိုင်တိုင်းဒေသကြီး ဝက်လက်မြို့နယ်ရှိ အမှတ်(၆၁) လယ်ယာဝန်ဆောင်မှု စခန်းတွင် ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက ဝင်းလက်မြေ လယ်ယာဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးအသင်းကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ညှိနှိုင်းအစည်းဝေး ကျင်းပပြုလုပ်သည်။
ကိုင်းတောအတွင်းတွင် ဧရာဝတီလင်းပိုင်သေတစ်ကောင်တွေ့ရှိ
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဆင်ရွာကျေးရွာ အရှေ့ဘက် ကိုင်းတောအတွင်းတွင် ဧရာဝတီလင်းပိုင်သေတစ်ကောင်ကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရှိခဲ့ကြောင်း WCS Myanmar မှ သိရသည်။
(၃၂)ကြိမ်မြောက် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲ မန္တလေးမြို့၌ကျင်းပ၊ စက်ဘီးစီးဝါသနာရှင်ပြည်သူ ၂၀ဝ ကျော်ပါဝင်ဆင်နွှဲ
မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် မန္တလေးတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ကြီးမှူး၍ လစဉ်နောက်ဆုံးပတ်တွင် ကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ဇန်နဝါရီ ၂၇ ရက် နံနက် ၅ နာရီခွဲက မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်းရှိ မြို့တော်စည်ပင်ရုံးရှေ့ စုရပ်နေရာ၌ ပြုလုပ်သည်။
မောတောင်မြို့တွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေးအခမဲ့ ကွင်းဆင်းဆောင်ရွက်ပေး

မောတောင်မြို့ ၂၇ ဇန်နဝါရီ