နွေရာသီ ဒီဂျစ်တယ်နည်းပညာသင်တန်း ကြံခင်း၌ဖွင့်

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့၌ နွေရာသီ ဒီဂျစ်တယ်နည်းပညာသင်တန်းကို ဇန်နဝါရီ ၁၉ ရက်မှစတင်၍ ဧပြီလအထိ အလင်းအိမ်(ကြံခင်း)၌ ဖွင့်လှစ်ခဲ့သည်။
မြဝတီမြို့၌ စားသုံးသူရေးရာနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြော
စားသုံးသူရေးရာနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ် မြဝတီမြို့ရှိ အမှတ်(၅)ရပ်ကွက် ဝါးတောစိုက်ပျိုးရေးဇုန်တွင် ပြုလုပ်ခဲ့သည်။
စလင်းမြို့၌ ချမ်းမြေ့ဆည်းဆာ ဘိုးဘွားရိပ်သာဖွင့်
မကွေးတိုင်းဒေသကြီး စလင်းမြို့ မြင်တင်ရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီက ချမ်းမြေ့ဆည်းဆာ ဘိုးဘွားရိပ်သာ ဖွင့်လှစ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေကူကျွန်းကျေးရွာ ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုး စုပေါင်းကာကွယ်နှိမ်နင်းမှု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ရွှေကူကျွန်းကျေးရွာ ပြောင်းစိုက်ခင်းများတွင် ကောင်းကင်ဆေးဖြန်းကိရိယာဖြင့် ငမြှောင်တောင်ပိုး စုပေါင်းကာကွယ်နှိမ်နင်းမှုကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းတို့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြော
စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၁၉ ရက်က ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် လမုတမံကျေးရွာအုပ်စု ရွာသာအေးကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့သည်။
တောင်ကုတ်၌ သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းပညာပေး 
သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းပညာ လက်တွေ့သရုပ်ပြပွဲကို ဇန်နဝါရီ ၁၉ ရက် တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြစိုက်ကွင်းတွင် ပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်အတွင်း ငမြှောင်တောင်ပိုး ကျရောက်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပြောင်းစိုက်တောင်သူများ၏ စိုက်ပျိုးမြေများတွင် ငမြှောင်တောင်ပိုးများ ကျရောက်မှုမရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။