တောင်ကုတ်၌ သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းပညာပေး 

သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းပညာ လက်တွေ့သရုပ်ပြပွဲကို ဇန်နဝါရီ ၁၉ ရက် တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြစိုက်ကွင်းတွင် ပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်အတွင်း ငမြှောင်တောင်ပိုး ကျရောက်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပြောင်းစိုက်တောင်သူများ၏ စိုက်ပျိုးမြေများတွင် ငမြှောင်တောင်ပိုးများ ကျရောက်မှုမရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေး စာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ယနေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တက္ကသိုလ်ဝန်း အတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၊ Research Center တို့၌ စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
မကွေးမြို့၌ ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးပြုလုပ်
မကွေးမြို့၌ ဒေသခံ ပြည်သူများနှင့် ဝန်ထမ်းများစုပေါင်း၍ ဒေသအကျိုးပြု သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆားရွှေကင်းရပ်ကွက်၊ ကမ်းနားလမ်းနှင့် တရားရေးလမ်းဆုံရှိ ဧရာဝတီမြစ်ဘက်ခြမ်း ကမ်းနားလမ်းတစ်လျှောက်တွင် ပြုလုပ်ခဲ့သည်။
အမာမြို့တွင် အမေများနေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲကျင်းပ
အမေများနေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့ တိလောကအောင်တော်မူ သာသနဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။
ရေနံချောင်းမြို့၌  ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင် သက်တမ်းတိုးခြင်းများ ကွင်းဆင်းဆောင်ရွက်
ယာဉ်မောင်းလိုင်စင်၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်လိုင်စင် သက်တမ်းတိုးခြင်းများကို ဇန်နဝါရီ ၁၉ ရက်က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ရှိ ရွှေဘုံသာ ပြည်သူ့အားကစားခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။