ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ ဘွဲ့လွန်ဒီပလိုမာနှင့် စာရင်းအင်းပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ကလေးသူငယ်များအတွက် သဘာ၀ဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ် လှိုင်သာယာမြို့နယ်၌ ပြုလုပ်
ကလေးသူငယ်များအတွက် သဘာ၀ဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်လမ်းများဆိုင်ရာ လက်စွဲစာအုပ်ထုတ်ပြန်ရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက် 
UK နိုင်ငံ DFID အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသော Asian Community Access Partnership (As CAP)နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်လမ်းများအတွက် မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်လမ်းများဆိုင်ရာ လက်စွဲစာအုပ်ထုတ်ပြန်ရေး သက်ဆိုင်သူများအားလုံးပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
စာအုပ်အသစ်ပေါင်း တစ်သန်းပါဝင်သည့် ကမ္ဘာ့အကြီးဆုံး စာအုပ်ရောင်းပွဲတော် ရန်ကုန်မြို့တွင် ကျင်းပ
စာအုပ်အသစ်ပေါင်း တစ်သန်းပါဝင်သည့် ကမ္ဘာ့အကြီးဆုံး စာအုပ်ရောင်းပွဲတော် (The Big Bad Wolf) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သာကေတမြို့နယ် Fortune Plaza ရှိ Myanmar Expo Hall ၌ ကျင်းပသည်။
အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်နှင့် စပ်လျဉ်း၍ အကြိုညှိနှိုင်းဆွေးနွေး
အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် အတည်ပြုခြင်းနှင့် စပ်လျဉ်း၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံသို့ တင်ပြလမ်းညွှန်မှုခံယူနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ် အရစ်ကျရောင်းချရေး အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး
ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ် အရစ်ကျရောင်းချရေး အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။