မိမိ၏ အသက်ရှင်သန်ရပ်တည်မှုကို ထိပါးခြိမ်းခြောက်လာသော အရေးအရာများနှင့် ကိုယ်တွေ့ကြုံရသည့်အခါ လူတို့ တုန်လှုပ်လေ့ရှိကြ၊ အထိတ်တလန့် ဖြစ်လေ့ရှိကြသည်မှာ ဓမ္မတာ။ ရင့်ကျက်သူ တို့သည်ကား ထို့ထက်ပိုမိုကာ မိမိတို့၏ဘဝအမြင်၊ လောကအမြင်များကိုပါ စနစ်တကျ တွေးခေါ်မိကြ၏။ အလေးအနက် စူးစမ်းရှုမြင်ကာ သင်ခန်းစာယူကြ၏။ လ