ကျောက်ထုမြို့ မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် ဆီမီးပူဇော်

articles_advs

ကျောက်ထု  ၉   နိုဝင်ဘာ 

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ရှိ မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ညက ဆီမီးပူဇော်ပွဲ ပြုလုပ်ရာ  သံဃာတော်များထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ 

အဆိုပါ ဆီမီးပူဇော်ပွဲကို မီးကြာလှည့်ပွဲ၊ သနပ်ခါးပါးတို့ပွဲတို့ပါ ထည့်သွင်းကျင်းပရာ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်းနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ လူငယ်မောင်မယ်များ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။ 

မောဟေမာန် (ပြန်ဆက်)