ရန်ကုန် ၂၂ ဒီဇင်ဘာ
ကမ္ဘောဒီးယားနိုင်ငံ၌ ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် (၆)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် ငါးခု၊ ကြေးတံဆိပ် ခြောက်ခု စုစုပေါင်း ဆုတံဆိပ် ၁၃ ခု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။