အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်း အောင်လက်မှတ်ချီးမြှင့်ပွဲကျင်းပ

နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁) အောင်လက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် ပညာရေးဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဘူးသီးတောင်မြို့နယ်တွင် ကျဆုံးသွားသော ရဲတပ်ဖွဲ့ဝင်များအတွက် အလှူငွေများ လွှဲပြောင်းပေးအပ်
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ကျဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်(၁၃)ဦးအတွက် လှူဒါန်းငွေကျပ်သိန်း ၁၃၀
မြစ်ကမ်းပါးပြိုကျသဖြင့် နေအိမ်များရွှေ့ပြောင်းရ
ဇန်နဝါရီ ၁၄ ရက် နံနက် ၈ နာရီခွဲခန့်က မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ပန်းလှိုင်မြစ်ကမ်းပါး ပြိုကျမှုကြောင့် ဆားမလောက်ကျေးရွာမှ သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်(၅)လုံးအား ကျေးရွာအတွင်းရှိ မြေကွက်လပ်သို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ
နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
၂၀၁၈ ခုနှစ် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုများအတွက် စာမူပေးပို့ရက် တိုးမြှင့်သတ်မှတ်
၂၀၁၈ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုများအတွက် စာမူပေးပို့ရန် နောက်ဆုံးတင်သွင်းရမည့်ရက်ကို မူလက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၃၀) ရက်ကို သတ်မှတ်ထားသော်လည်း ယခုအခါပြိုင်ပွဲဝင် စာမူတင်သွင်းရန် နောက်ဆုံးရက်ကို ၂၀၁၉ ခုနှစ် မတ်လ ၈ ရက်အထိ တိုးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေမိုင်နှစ်ဖက်ညှိနှိုင်း လှည့်ကင်းဆောင်ရွက်
မောင်တောမြို့၊ နယ်မြေ(၅)၊ အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးခူရနယ်မြေရုံးမှ ဒုတိယရဲမှူး ထွန်းထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များသည်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၉၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၉၃) ရဲသူရတပ်ခွဲ၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၄ ရက် နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး တက်ရောက်ခဲ့သည်။