အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ၏ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်း အဝေး (၁/၂၀၁၉) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။