မိုင်းယုနယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယုနယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ဇန်နဝါရီ ဒုတိယပတ်မှ စတင်ကာ မိုင်းယုနယ်မြေရဲစခန်းမှ လှည့်ကင်းအဖွဲ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကလေးစာပေပွဲတော်(စစ်ကိုင်း) ပထမနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည့် ကလေးစာပေပွဲတော် ပထမနေ့ကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံဂျပန်စကားပြော သင်တန်းဖွင့်လှစ် မည်သူမဆို အခမဲ့လာရောက်သင်ကြားနိုင်
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် မြဝတီမင်းကြီးလမ်းဒေါင့်ရှိ မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခြေခံဂျပန်စကားပြောသင်တန်း ဖွင့်လှစ်လျက်ရှိရာ မည်သူမဆိုအခမဲ့ လာရောက်သင်ကြားနိုင်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက ပြောသည်။
ခရမ်းမြို့နယ် ညောင်ပင်သာကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်းဆင်း
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချူပ်စက် သင်တန်းဆင်းပွဲကို ညောင်ပင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဇန်နဝါရီ ၁၃ ရက် နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။
မိုင်းယန်းမြို့၌ ရိုးရာကျွဲခတ်ပွဲ ကျင်းပ
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာကျွဲခတ်ပွဲကို ဇန်နဝါရီ ၁၂ က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ပျဉ်းမနားမြို့နယ်အတွင်း အမှိုက်များကင်းရှင်းစေရေး  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မျှဝေသောလက်များ (ပျဉ်းမနား) အသင်းမှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၊ မြတ်ပညာမီးအိမ်ကိုယ်ပိုင် အထက်တန်းကျောင်း၊ SEC day special သင်တန်းနှင့် ရွှေအောင်လံဘော်ဒါတို့ ပူးပေါင်းပါဝင်ကာ ယနေ့ နံနက် ၆ နာရီမှစ၍ မြို့နယ်အတွင်း အမှိုက်များနှင့် အညစ်အကြေးများကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြောင်း သိရသည်။ 
ဂန့်ဂေါမြို့နယ်တွင် ဆောင်းသီးနှံများ ပိုးမွှားကျရောက်မှု ကွင်းဆင်းစစ်ဆေး
ဂန့်ဂေါမြို့နယ်အတွင်း စိုက်ပျိုးထားသော ဆောင်းသီးနှံများတွင် ပိုးမွှားရောဂါကျရောက်မှုကြောင့် သီးနှံများပျက်စီဆုံးရှုံးမှု မရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဇန်နဝါရီ ၁၂ ရက်မှ စတင်ကာ စိုက်ခင်းများအရောက် ကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။