တံတားဦးမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁၆ ဦး ထပ်မံတွေ့ရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် ထိစပ်ခဲ့သည့် လူနာများအား ဩဂုတ် ၄ ရက် နံနက်ပိုင်းက  Test Kit ဖြင့် စစ်ဆေးရာ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာသစ် အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး ကိုးဦး စုစုပေါင်း ၁၆ ဦး ထပ်မံတွေ့ရှိရပြီး
ချောင်းဆုံ၌ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူ ၄၅၁၄ ဦးရှိ

ကံမမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုအားပေး
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဩဂုတ် ၄ ရက် နံနက်ပိုင်းက စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် ဘုရားကြီးအား ဖူးမြော်ကြည်ညို၍ သီတဂူအာယုဒါနဆေးရုံတွင် အသက်(၆၀)နှင့်အထက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေကြသော သံဃာတော်/ သီလရှင်များအား ဖူးမြော်ကြည်ညိုသည်။
မင်္ဂလာဒုံမြို့နယ်၌ အောက်ဆီဂျင်အိုးများ နေ့စဉ်အခမဲ့ဖြန့်ဝေ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အောက်ဆီဂျင် လိုအပ်မှုများ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးအတွက် အောက်ဆီဂျင်အိုးများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ နေ့စဉ်အခမဲ့ဖြန့်ဝေပေးလျက် ရှိသည်။
ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဆက်လက်ထိုးနှံ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပဉ္စမမြောက်နေ့အဖြစ် ဩဂုတ် ၄ ရက် နံနက်ပိုင်းက အထက(ငွေဆောင်)တွင်ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။