အင်းစိန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ  ဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုပေး 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေ ရန်နှင့် မကူးစက်နိုင်သောရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင် လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြန်မာ့စီးပွားရေးဘဏ်(အင်းစိန်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရ
အင်းတော်မြို့နယ် မဲဇာနည်းပညာပေးစင်တာနယ်မြေအတွင်းရှိ   ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင်  ပိုးမွှားကျရောက်မှုမရှိစေရေး  ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မဲဇာနည်းပညာပေးစင်တာနယ်မြေအတွင်းရှိ အလယ်ဆိပ်ကျေးရွာအုပ်စု အလယ်ဆိပ်ကျေးရွာ တောင်သူ ဦးမြင့်စိုး စိုက်ပျိုးထားသော ဟင်းသီး ဟင်းရွက် စိုက်ခင်းအား ပိုးမွှားကျရောက်မှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၂၂ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရ
မြို့သစ်မြို့နယ်  ပေပင်ရိုးကန်ရေသောက် လယ်ဧက(၂၀ဝ)အတွက် အောင်ရေရရှိရေး  လုပ်ငန်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး ၊မြို့သစ်မြို့နယ် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ   ကျေးလက်နေပြည်သူများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ပုလင်းကြီးကျေးရွာအုပ်စု ပေပင်ရိုး ကျေးရွာရှိ   ပေပင်ရိုးကန်အား  နွေစပါး၊မိုးစပါးအတွက် လယ်များအောင်ရရရှိရေး  ပြင်ခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိ
တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည့်  ကျေးလက်ရေပေးရေးလုပ်ငန်းများ  ရှင်းလင်းပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တင်ဒါစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်ရေပေးရေးလုပ်ငန်းများ ရှင်းလင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက် ညနေ ၃ နာရီခွဲက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ မဲသမူး-မဲသမူးခီးကျေးရွာကို ဆက်သွယ်ထားသော မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း  ၅၀ ရာခိုင်နှုန်းပြီးစီး
ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ပြည်နယ်)ခွင့်ပြုရန်ပုံငွေကျပ်  ၇၃ ဒသမ ၅၂၀ သန်းဖြင့် ရှမ်းရွာသစ်မြို့ မဲသမူး-မဲသမူးခီးကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်း (၂)မိုင်ကို ဒီဇင်ဘာလဒုတိယပတ်က စတင် ဖောက်လုပ်လျက်ရှိပြီး ယခုအချိန်တွင် ၅၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဒလမြို့နယ်တွင် သဘာဝဘေးဒဏ်ခံ အဆောက်အဦတစ်ခု တည်ဆောက်မည်
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ်တွင် သဘာဝဘေးဒဏ်ခံ အဆောက်အဦတစ်ခု မကြာမီ တည်ဆောက်တော့မည်ဖြစ်ကြောင်း သိရ
ပူတာအိုမြို့နယ်တွင် ဒေသခံပြည်သူအိမ်ထောင်စုပေါင်း ၆၄၀၂ ဦး လျှပ်စစ်ဓါတ်အား ၂၄ နာရီသုံးစွဲနေပြီ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံကို ၂၀၁၈ ခုနှစ် ဇွန်လတွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ရာ ယခုအခါ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ဖြန့်ဖြူးသည့် ဓါတ်အားဖြင့် ဒေသခံပြည်သူအိမ်ထောင်စုပေါင်း ၆၄၀၂ ဦးမှာ လျှပ်စစ်ဓါတ်အား ၂၄ နာရီသုံးစွဲ နေပြီဖြစ်ကြောင်း သိရသည်။