မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးသွားသော သဲတောလေးကျေးရွာ ချောင်းကူးတံတားအား ဝိုင်းဝန်းပူးပေါင်း ရှင်းလင်းဆောင်ရွက်
မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးသွားသော သဲတောလေးကျေးရွာ ချောင်းကူးတံတားအား အသစ်ပြန်လည်ဆောက်လုပ်နိုင်ရန် ရှင်းလင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက တပ်မတော်သား များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကျေးရွာဒေသခံများက ဝိုင်းဝန်းပူးပေါင်း ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။