ထန်ပါခွေမြို့၌  ဖီရိုမုန်း ထောင်ချောက်များတွင် တတိယအကြိမ်မြောက် အချက်အလက်ကောက် ယူရာ ဖောငမြှောင်‌တောင် (ဖလံ) မတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ရှိ အစေ့ထုတ်ပြောင်းစိုက်ခင်းများ၌ ယနေ့ နံနက် ၈ နာရီက စိုက်ပျိုးရေးဦးစီးဌာနမှ တတိယအကြိမ်မြောက် အချက်အလက်များ ကောက်ယူရာ   ဖီရိုမုန်း ထောင်ချောက်များတွင်  ဖောငမြှောင်တောင်ကျရောက်မှုမရှိသေးကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ပြည်သူများထံသို့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ပထမအကြိမ် မဲဆန္ဒရှင်များစာရင်း ကြေညာထားရှိမှုအပေါ် ရှင်းလင်းတိကျစွာ သိရှိနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်
ပုဂံခေတ် ဘုရားစေတီများနှင့် နံရံဆေးရေးပန်းချီများရှိရာ ဆားလယ်ဒေသအား ထိန်းသိမ်းမှုများ လုပ်ဆောင်နေ
ချောက်မြို့နယ် ဆားလည်ကျေးရွာအုပ်စုရှိ ပုဂံခေတ်ရှေးဟောင်းဘုရားစေတီ ၄၁ ဆူနှင့် ကျောက်စာများ ၊ နံရံဆေးရေး ပန်းချီများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(မကွေးဌာနခွဲ)က ထိန်းသိမ်းမှုများ လုပ်ဆောင်နေကြောင်း ဌာနတာဝန်ရှိသူထံမှ သိရ
ရိခေါ်ဒါရ်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်
ချင်းပြည်နယ်၊  ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ပြည်သူ များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်  ၉ နာရီခွဲက သက်ဆိုင်ရာ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ် ကတူးတိုင်းရင်းသားကျေးရွာ ၆ ရွာတွင် ၂၄ နာရီမီး ဖွင့်လှစ်ပေး
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်လျက်ရှိရာ ကတူးတိုင်းရင်းသားကျေးရွာ ၆ ရွာတွင် ၂၄ နာရီ မီးဖွင့်ပွဲကို ဇူလိုင် ၂၈ ရက် ည ၇ နာရီက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ကုန်ထုတ်ဂန့်ဂါးလမ်း ရေတိုက်စားပြီး ပျက်စီးမှုဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ဇူလိုင် ၂၇ ရက်  ညနေ ၆ နာရီ မှ ၁၁ နာရီအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် သပြေပင်ကျေးရွာအုပ်စု၊ မြောက်ကုန်းကျေးရွာတွင် ကုန်ထုတ်ဂန့်ဂါးလမ်း ရေတိုက်စားပြီး ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
ကျိုက်မရောမြို့တွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားမှုကို မြို့နယ်ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ သွားရောက်စစ်ဆေး
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ ထားရှိမှုများကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်မရောမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိသဲလင်းနှင့် အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြ