ကျွန်းစုမြို့နယ် ပထော်ကျေးရွာ၌ “မူးယစ်ကင်းစင်နယ်မြေ” ဆိုင်းဘုတ်များ စိုက်ထူ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထော်ကျေးရွာအတွင်း မူးယစ်ဆေးဝါး ကင်းစင်သည့်နယ်မြေအဖြစ် သတ်မှတ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက “မူးယစ်ကင်းစင်နယ်မြေ” ဆိုင်းဘုတ်များကို တာဝန်ရှိသူများက စိုက်ထူခဲ့ကြကြောင်း သိရသည်။
ပေါက်မြို့နယ်၌ ဆောင်းရာသီကြက်သွန်၊ အာလူးစိုက်တောင်သူများ ရာသီအမီစိုက်ပျိုးနိုင်ရန် မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
ပေါက်မြို့နယ်၌ ဆောင်းရာသီသီးနှံဖြစ်သော ကြက်သွန်၊ အာလူးစိုက်တောင်သူများ ရာသီအမီစိုက်ပျိုးနိုင်ရေးအတွက် ခေတ်မီလယ်ထွန်စက်ကြီးများနှင့် မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပေါက်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း (၇၁)အုပ်စုနှင့် ကျေးရွာပေါင်း (၂၃၅)ရှိပြီး ယောချောင်း၊ ကျောချောင်း ဘေးတစ်လျှောက်ရှိ စိုက်ပျိုးရေးတောင်သူများသည် ဆောင်းသီးနှံကြက်သွန်ကို ယောချောင်းဘေးတစ်လျှောက်နှင့် အာလူးကို ကျောချောင်းဘေးတစ်လျှောက်တွင် အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
လှိုင်သာယာမြို့နယ် စည်ပင်သာယာမှ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်
လှိုင်သာယာမြို့နယ် စည်ပင်သာယာမှ မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ဒီဇင်ဘာ ၂၁ ရက်က စက်ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိသည်။
အမျိုးသမီးများအတွက် ရေရှည်တည်တံ့သော စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ မြစ်ကြီးနားမြို့၌ ကျင်းပ
ထွယ်ဂျန်တာ ဖောင်ဒေးရှင်းနှင့် UN WOMEN မှ ပူးပေါင်း၍ အမျိုးသမီးများအတွက် ရေရှည်တည်တံ့သော စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ City Park Royal  ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းဘောင်ကျောင်းတိုက်အတွင်းရှိ ကျောက်ဆင်းတုဘုရား(၄)ဆူ အခိုးခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ အောင်မင်္ဂလာရပ်၊ မြောင်းဘောင်ကျောင်းတိုက်၊ စေတီကြီးဘုရားဝင်းအတွင်း မင်္ဂလာရာန်အောင်ဓမ္မာရုံရှိ ဉာဏ်တော်(၃)ပေ ကျောက်ဆင်းတုတော်ဘုရား (၄)ဆူ အခိုးခံရကြောင်း ဒီဇင်ဘာ ၂၁ ရက် မွန်းတည့် ၁၂ နာရီက သိရှိရကြောင်း ဘဒ္ဒန္တအာစာရထံမှ သိရသည်။
ထီးချိုင့်မြို့နယ်၌ ရွေ့လျားဝန်ဆောင်မှု (Mobile Service Delivery) လုပ်ငန်းများ အသိပညာပေးဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံးမှ တာဝန်ရှိသူများသည် ပြည်သူများ အမှန်တကယ်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ (၂) နာရီက ဆင်ဖြူဆိပ်ကျေးရွာအုပ်စု လင်းပိုင်တင်ကျေးရွာ စာသင်ကျောင်းတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။