မိုးရေတိုက်စားမှုကြောင့် ယိုယွင်းပျက်စီးနေသည့် မြေသားလမ်းအား ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ အဆင်ပြေစွာသွားလာနိုင်ရေး ပြုပြင်ဆောင်ရွက်ပေးစေလို
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင် ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ယခုလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ အသုံးပြုသွားလာသည့် ပုဂံမြို့မှ ရွှေဆံတော်ဘုရားသို့ ဆက်သွယ်ဖောက်လုပ်ပေးထားသော မြေသားလမ်းသည် ယခုအခါ မိုးရေများတိုက်စားပြီး ချိုင့်ခွက်ကြီးများဖြစ်ကာ လမ်းပျက်စီးယိုယွင်းနေကြောင်း သိရပြီး မကြာမီအချိန်တွင် ခရီးသွားရာသီ စတင်တော့မှာဖြစ်သည့်အတွက် ဒေသခံပြည်သူများနှင့် ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ အဆင်ပြေစွာသွားလာနိုင်ရေး ပြုပြင်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း ပုဂံမြို့ပေါ်ရှိ ဒေသခံပြည်သူများထံမှ သိရ