ဥရောပသမဂ္ဂ (အီးယူ)မှ မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်သားများအတွက် ယူရို ၅ သန်း ပံ့ပိုးပေးသွားမည်
ဥရောပသမဂ္ဂ (အီးယူ) သည် ကိုဗစ်-၁၉ ရောဂါ ၏ ရိုက်ခတ်မှုဒဏ်ကြောင့် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ကြရသည့် မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်သားများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးနိုင်ရန် မြန်ကူ (Myan Ku) အမည်ရှိ အရေးပေါ်ငွေသား ရန်ပုံငွေမှ ယူရို ၅ သန်း (မြန်မာကျပ်ငွေ ၈ ဘီလီယံ ဝန်းကျင်) ကို ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ယမန်နေ့ ရက်စွဲဖြင့် ဥရောပသမဂ္ဂ (အီးယူ)၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။