၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပလောက်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ မော်တော်ဆိုင်ကယ် မောင်းနှင်သူများ ယာဉ်အန္တရာယ် ကင်ရှင်းစေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက ပလောက်မြို့၊ မြိတ်-ထားဝယ် ဗဟိုလမ်းမကြီး၌ ဆောင်ရွက်ခဲ့သည်။
လူငယ်များအကြား မူးယစ်ဆေးဝါးစိမ့်ဝင်ပျံ့နှံ့မှု စုပေါင်းတားဆီးထိန်းချုပ်နိုင်ရေး ပြည်သူ့စကားဝိုင်း (Public Talk) ဆောင်ရွက်
လူငယ်များအကြား မူးယစ်ဆေးဝါး စိမ့်ဝင်ပျံ့နှံ့မှုကို စုပေါင်းလက်တွဲကာ ထိန်းချုပ်ဟန့်တား ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက အထက(၈) မြိတ် (တောရကျောင်း)တွင် “လူငယ်နှင့် မူးယစ် ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဖူဆယ်ဆပ်ကော်မတီဥက္ကဋ္ဌဖလား(၄)ခရိုင် အမျိုးသား/အမျိုးသမီး ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
၂၀၁၉ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ဖူဆယ်ဆပ်ကော်မတီဥက္ကဋ္ဌဖလား (၄)ခရိုင် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲများကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်၊ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၂)တွင် ကျင်းပခဲ့သည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်
ကျိုက်မရောမြို့ပေါ် အောင်သုခရပ်ကွက်နှင့် ကလိုင်းကနိုင်ရပ်ကွက်များရှိ နေအိမ်များ၊ ရုံးများ၊ ကျောင်းများသို့ သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရေစည်၊  ရေအိုး၊ ရေကန်များထဲသို့ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် စသည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။    
စနစ်တကျ အမှိုက်စွန့်ပစ်တတ်ရေး အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်
မတူပီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ ယနေ့မွန်းလွဲ ၁ နာရီက အ.လ.က(အရှေ့ခိုဘွေ)ကျောင်းသို့ သွားရောက်ပြီး စနစ်တကျ အမှိုက်စွန့်ပစ်တတ်ရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။ 
မြန်မာ-ထိုင်းနယ်စပ် မြဝတီသို့ ထိုင်းနိုင်ငံသားများ ဘုရားဖူး လာရောက် လည်ပတ်လျက်ရှိ
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင်းရှိ စေတီပုထိုးများအား ထိုင်းနိုင်ငံသားများမှ နေ့စဉ်နီးပါး ဘုရားဖူးလာရောက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြဝတီမြို့ ရွှေမြင်းဝန်စေတီတော်ကြီးအား ထိုင်းနိုင်ငံသားများ လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။