ဆောင်းကြက်သွန်နီစိုက်တောင်သူများ ဈေးကောင်းရရှိခြင်းကြောင့် ကြက်သွန်သက်တမ်း မရင့်မီမှာပင်  နုတ်သိမ်းရောင်းချနေရ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်နီ စိုက်ပျိုးသည့်ကျေးရွာများတွင် ကြက်သွန်နီ ဈေးကောင်းရရှိသဖြင့် ကြက်သွန်သက်တမ်း မရင့်မီအချိန်မှာပင် နုတ်သိမ်းကာ ရောင်းချနေကြကြောင်း ဆောင်းကြက်သွန်နီစိုက် တောင်သူများထံမှ သိရသည်။