အားကောင်းသောမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၁၆/၂၀၂၂)

ယနေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင်  ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အရှေ့မြောက်ဘက် ရေမိုင်(၇၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၅၅)မိုင်ခန့်၊ ပုသိမ်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၀၅)မိုင်ခန့်၊ ဂွမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၅၀)မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၁၆၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ပို့ပလဲယား(Port Blair)၏ မြောက်-အရှေ့‌မြောက်ဘက်ရေမိုင် (၂၂၀)မိုင်ခန့်နှင့်  မာယာဘန်ဒါမြို့ (Mayabundar)၏ မြောက်-အရှေ့‌မြောက်ဘက် ရေမိုင်(၁၅၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။