ကဘူးလ်တက္ကသိုလ် ကျောင်းတံခါးပေါက်ဝတွင် ပေါက်ကွဲမှုဖြစ်ပွား သဖြင့် လေးဦးသေဆုံး ၊ ၁၆ ဦးဒဏ်ရာရ

စာမေးပွဲဖြေဆိုရန် ကျောင်းသားများစုရုံးနေချိန် ကဘူးလ်တက္ကသိုလ် တောင်ဘက် ကျောင်းတံခါးပေါက်ဝတွင် ယနေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားသဖြင့်  လေးဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကဘူးလ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ  ဖာဒတ် ဖာရာမာရဇ် (Ferdaus Faramarz ) က ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန် ရဲတပ်ဖွဲ့ကို တာလီဘန်စစ်သွေးကြွများ တိုက်ခိုက်သဖြင့် ၁၂ ဦး သေဆုံး
အာဖဂန်တောင်ပိုင်း ကန်ဒါဟာမြို့ရှိ ရဲဌာနချုပ်များကို လက်နက်ကိုင်စစ်သွေးကြွများ တိုက်ခိုက်ခဲ့သဖြင့် ၁၂ ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် မှိုကုန်းသာကျေးရွာတွင် မီးလောင်မှုဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် မှိုကုန်းသာကျေးရွာထိပ်နေ ဦးသန်းဇော်၏နေအိမ်၌ မီးဖိုမီးကြွင်းမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေး-မုံရွာ ကားလမ်း ဖြတ်ကူးသူ နှစ်ဦး ကားဖြင့်တိုက်မိရာ တစ်ဦးသေဆုံး
မြင်းမူမြို့  ထီးဆောင်းရွာအနီးရှိ မျက်စိဆေးရုံအနီး ယနေ့ နံနက် ၅ နာရီ မိနစ် ၂၀ ခန့်က ယာဉ်တိုက်မှု ဖြစ်ပွားရာ လူသေဆုံးထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၈  ဇူလိုင်

မိုးကောင်းမြို့နယ်၌ မိုးကြိုးပစ်၍ ကောက်စိုက်နေသည့် အမျိုးသမီးတစ်ဦးသေဆုံး ခြောက်ဦး စက်ကွင်းမိ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အောင်သာကျေးရွာတွင် ယနေ့ မွန်းလွဲပိုင်းက မိုးရွာသွန်းပြီး မိုးကြိုးပစ်ခဲ့၍ ကောက်စိုက်နေသည့် အမျိုးသမီးတစ်ဦးသေဆုံးကာ ခြောက်ဦးစက်ကွင်းမိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  ၁၈  ဇူလိုင်