အောက်တိုဘာ ၁၈
စင်ကာပူနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၁၉၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူပေါင်း ၂၀၁၇၂၆၁ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၅၂၂ ဦးသည် ပီစီအာ စမ်းသပ်စစ်ဆေးမှုဖြင့် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၄၆၇၄ ဦးသည် အေအာတီ စမ်းသပ်စစ်ဆေးမှုဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ထိုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ပီစီအာစစ်ဆေးတွေ့ရှိမှုများအနက် ၅၀၃ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၁၉ ဦးသည် ပြည်ပကူးစက်မှုဖြစ်ကြောင်း သိရသည်။
အေအာတီစစ်ဆေးမှုတွင် ၄၅၂၅ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၁၄၉ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်ကို တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၆၂၇ ဦးရှိပြီး ၁၅ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၁၆၄၆ ဦး ရှိလာသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို