စဉ့်ကိုင် မတ် ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(စဉ့်ကိုင်) သဇင်ခန်းမ၌ လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် ကျောင်းသား/ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ မြို့နယ်ပညာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မတ် ၂၁ ရက် နံနက် ၁၁ နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဦးကိုကိုကြီးက စိတ်ဓာတ်၊ ပညာ၊ စည်းကမ်းတို့နှင့် ပတ်သက်၍ ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖြင့် ပြည့်စုံပြီး နောင်အနာဂတ်၏ နိုင်ငံ့သားကောင်း၊ သမီးကောင်းများစွာ ပေါ်ထွန်းစေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် အကျင့်စာရိတ္တ ကောင်းမွန်ရေးအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

 

ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်စန္ဒာ၀င်းက ကျန်းမာရေးနှင့် နွေရာသီကျောင်းပိတ်ရက်တွင် အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချမည်ဖြစ်၍ မိမိတို့ ဝါသနာပါရာ သင်တန်းများကို တက်ရောက်နိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါလူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်နှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

၀င်း၀င်းသန်း(စဉ့်ကိုင်)