ဂျပန်အမျိုးသမီးတစ်ဦးကို သူလျှိုလုပ်မှုဖြင့် ရှန်ဟိုင်းတရားရုံးက ထောင်ဒဏ်ချ

ရှန်ဟိုင်းတရားရုံးတစ်ရုံးက ဂျပန်အမျိုးသမီးတစ်ဦးကို သူလျှိုလုပ်မှုဖြင့် ထောင်ဒဏ်ခြောက်နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် မူရင်းတရုတ်ဇာတိဖြစ်ပြီး အသက် ၅၇ နှစ် ရှိပြီဖြစ်ကြောင်း သံတမန်အသိုင်းအဝိုင်း ကပြောသည်။ ၎င်းကို တရုတ်အာဏာပိုင်များက ၂၀၁၅ ဇွန်လတွင် ဖမ်းဆီးခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် စွဲချက်တင်ခဲ့သည်။ ၎င်း၏ပြစ်မှုနှင့်ပတ်သက်ပြီး အတိအကျ မသိရသေးကြောင်း သိရသည်။

သို့သော် တရားရုံးက ၎င်းသည် သူလျှိုလုပ်မှုဖြင့် အပြစ်ရှိကြောင်းတွေ့ရှိခဲ့သဖြင့် ထောင်ဒဏ်ခြောက်နှစ် ပြစ်ဒဏ်ချမှတ်လိုက်သည်။ ထို့အတူ ၎င်းထံမှ အမေရိကန်ဒေါ်လာ ၇၅၀ဝ ခန့်လည်း သိမ်းဆည်းရမိခဲ့သည်။ 

အင်န်အိတ်ချ်ကေ