မူဆယ် ၄ အောက်တိုဘာ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ကျေးရွာ ၁၆ ရွာ၌ ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာဖွံဖြိုးရေး စီမံကိန်းဖြင့် ကျေးရွာ ၁၆ ရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းနှင့် ကျေးရွာတွင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း စုစုပေါင်းလုပ်ငန်း ၁၆ ခုကို ကျေးရွာတစ်ရွာလျှင် စီမံကိန်းထောက်ပံ့ရန်ပုံငွေ သိန်း ၁၀၀ ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးလက်နေပြည်သူများ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဟု မူဆယ်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမောင်ထွေးထံမှ သိရသည်။
သျှားညီ


