မန္တလေး ၄ အောက်တိုဘာ
ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ကုန်စည်စီးဆင်းမှုချောမွေ့စေရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ရမည်းသင်းဂိတ်တွင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို အောက်တိုဘာ ၂ ရက် နံနက် ၆ နာရီမှစတင်၍ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကိုရီးယားနိုင်ငံ ထုတ်Test Kits စမ်းသပ်ကိရိယာများဖြင့် အခမဲ့စမ်းသပ်စစ်ဆေးပေးလျက်ရှိသည်။
အလားတူ မန္တလေးမြို့သို့ လာရောက်သည့် သားငါး၊ ကဏန်း၊ ငါးရှည့်၊ ဟင်းသီးဟင်းရွက်၊ သီးနှံတင် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကိုလည်း အမြန်ခရီးဆက်နိုင်ရေးအတွက် တိုင်းဒေသကြီး ကုသရေးနှင့်ကုသရေးဦးစီးဌာန၊ စဉ့်ကိုင်မြို့နယ်ဆေးရုံမှ ဆရာဝန်သူနာပြုများ၊ စဉ့်ကိုင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စဉ့်ကိုင်မြို့နယ် ရန်ကုန်-မန္တလေးလမ်းတွင် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးTest Kits စမ်းသပ်ကိရိယာများဖြင့် အခမဲ့စစ်သပ်စစ်ဆေးပေးလျက်ရှိသည်။
မောင်ပြည်သူ(မန္တလေး)


