ရန်ကုန် ၄ အောက်တိုဘာ                     

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ Super Sunday လူမှုကူညီရေး အသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ မော်တော်ယာဉ်(၃)စီးအတွက် စက်သုံးဆီ တစ်လစာကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရဿည်။

 

Super Sunday လူမှုကူညီရေးအသင်းအနေဖြင့် လူမှုကူညီရေး လုပ်ငန်းများနှင့်အတူ အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင်လည်း အရှိန်အဟုန်မြှင့် ပါဝင်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး ကြိုးပမ်းဆောင်ရွက်နေသော လူနာတင်ယာဉ်(၃)စီးအတွက် စက်သုံးဆီ တစ်လစာကို ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက လှူဒါန်းရာ စက်သုံးဆီ အခမဲ့ထုတ်ယူခွင့်ကတ်ပြားများကို Super Sunday လူမှုကူညီ ရေးအသင်း ဥက္ကဌ ကိုသူရိန်ထွန်းမှ လက်ခံရယူခဲ့ပြီး ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)