တောင်ကြီး ၄ အောက်တိုဘာ
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်မြို့နယ် ၁၀ မြို့နယ်ရှိ ကျေးရွာများ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ကျေးလက်ကုန်ထုတ်လမ်း ၂၃ လမ်း အရှည် ၃၈ မိုင် ၃ ဖာလုံ၊ ကုန်ထုတ်တံတား ၁၉ စင်း အရှည် ၁၆၆ ပေ၊ ကျေးရွာ ၁၇၆ ရွာတွင်သောက်သုံးရေရရှိရေးလုပ်ငန်း ၁၃၄ ခု၊ ကျေးရွာ ၆၇ ရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ၅၉ ယူနစ်၊ ကျေးရွာ ၁၈၁ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDPလုပ်ငန်း ၂၃၀ ခု၊ ကျေးရွာ ၆၉ ရွာတွင် Cash for Work စီမံကိန်းလုပ်ငန်း ၈၈ခု၊ ကျေးရွာ ၈၄ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ကျေးရွာ ၃ ရွာတွင် Solar Mini Grid System ဖြင့်လျှပ်စစ်မီးရရှိရေး လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ် ၈၁၁၈ ဒသမ ၃၉၇ သန်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၁၅၅၀ ဒသမ ၀၄၁သန်း စုစုပေါင်းခွင့်ပြုရန်ပုံငွေကျပ် ၉၆၆၈ ဒသမ ၄၃၈ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများ အားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း တောင်ကြီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင် ထံမှ သိရသည်။
ငြိမ်းသူ(စလင်း)


