၄  အောက်တိုဘာ

 

Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ထိုင်ဝမ်(တရုတ်-တိုင်ပေ)၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး အလုပ်အကိုင် အခက်အခဲရှိနေသူများ၊ ဆေးဝါးကုသရန် ရောက်ရှိနေသူ များနှင့် မိသားစုဝင်များ၊ မိသားစုများထံ အလည်အပတ် လာရောက်သူ များ၊ စာချုပ်သက်တမ်း ကျော်လွန် နေသည့်  မြန်မာသင်္ဘောသားများ၊ ပညာသင်ကာလ ပြီးဆုံးသူများ၊ အလည်အပတ် ရောက်ရှိနေပြီး လေကြောင်းသွားလာမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် သောင်တင်နေ ကြသည့် မြန်မာနိုင်ငံသားများအား ပဉ္စမအကြိမ် နေရပ်သို့ ပြန်လည် ထွက်ခွာနိုင်ရေးအတွက် ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး အနေဖြင့် သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

သို့ဖြစ်ရာ ၄-၁၀-၂၀၂၀ ရက် (တနင်္ဂနွေနေ့) နံနက် ၇ နာရီချိန်တွင် တိုင်ပေမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းသည့် China Airlines လေကြောင်းပျံသန်းအမှတ် CI-7915 ကုန်တင် လေယာဉ်ဖြင့် မြန်မာသင်္ဘောသား (၁၀၂) ဦး၊ ပညာသင်ပြီးဆုံးသည့် ကျောင်းသား (၂)ဦး၊ ဆေးကုသမှုခံယူသူများနှင့် မိသားစုဝင်များ၊ မိသားစုများထံ အလည်အပတ်ရောက်ရှိပြီး သောင်တင်နေသူ မြန်မာနိုင်ငံသား စုစုပေါင်း (၁၂၉) ဦးသည် မြန်မာနိုင်ငံသို့ ချောမောစွာ ပြန်လည်ထွက်ခွာ သွားခဲ့သည်။

 

မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် အဆိုပါဒေသမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံ သားများအား ပဉ္စမအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊  မြန်မာနိုင်ငံသား စုစုပေါင်း (၃၆၃) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါကြောင်း သိရှိရသည်။

 

Crd#နိုင်ငံခြားရေးဝန်ကြီးဌာန