ချီဖွေ ၄  အောက်တိုဘာ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေ - ပန်ဝါသွားကားလမ်း ချီဖွေမြို့မှ (၉) မိုင်ခန့်အကွာတွင် စက်တင်ဘာ ၂၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေစာပြိုကျမှု ထပ်မံဖြစ်ပွားခဲ့သဖြင့် ပြိုကျလာသည့် မြေစာများအား ရှင်းလင်းဆောင်ရွက်ခဲ့ရာ အောက်တိုဘာ တစ်ရက် နံနက် (၁၁) နာရီတွင် မော်တော်ယာဉ်ငယ်များ စတင်ဖြတ်သန်း သွားလာနိုင်ခဲ့ပြီး  မော်တော်ယာဉ်ကြီး သွားလာနိုင်ရေး ဆက်လက်ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး မှ သိရသည်။

မြေစာပြိုကျမှုများ များပြားခြင်းကြောင့် ချီဖွေ - ပန်ဝါသွားကားလမ်း ယာယီပြတ်တောက်မှု ကြန့်ကြာနေရခြင်းဖြစ်ပြီး အောက်တိုဘာတစ်ရက်တွင် loader တစ်စီး၊ ဘတ်ဟိုးယာဉ်တစ်စီးနှင့်အတူ ဆက်လက်ရှင်းလင်းဆောင်ရွက်ခဲ့ရာ ယခုအခါ မော်တော်ယာဉ်ငယ်နှင့် မော်တော်ယာဉ်ကြီး (ကုန်တင်ယာဉ်) များ ပုံမှန်အတိုင်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

နန်းမြင့်(မြို့နယ်ပြန်/ဆက်)