ပဲခူး  ၄ အောက်တိုဘာ

 

ပဲခူးမြို့တွင် ချမ်းမြေ့ဇေယျာ ဓမ္မစကူးလ်အဖွဲ့သားများ၏ ဦးဆောင်ပံ့ပိုးကူညီမှုနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် အနှေးယာဉ်ဂိတ်အသီးသီးရှိ သက်ကြီးအနှေးယာဉ်လုပ်သား ၆၀ ကျော်အား ယမန်နေ့က အခြေခံစားကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ပဲခူးမြို့ပေါ်ရှိ အနှေးယာဉ်ဂိတ်အသီးသီးတွင် အနှေးယာဉ်လုပ်သား  ၁၀၀ ကျော်ရှိပြီး ယနေ့တွင် ချမ်းမြေ့ဇေယျာ ဓမ္မစကူးလ်အဖွဲ့သားများ၏ ဦးဆောင်ပံ့ပိုးကူညီမှု၊ အလှူရှင်များမှ စုပေါင်းလှူဒါန်းမှုဖြင့် သက်ကြီးအနှေးယာဉ် လုပ်သား ၆၀ ဦးကျော်အား တစ်ဦးလျှင် ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်၊ ဆား၊ ကုန်စိမ်း အသီးအနှံများနှင့် ငွေကျပ် ၅၀၀၀ စီတို့အား ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ကျန်ရှိနေသည့် သက်ကြီးအနှေးယာဉ် လုပ်သားကြီးများကိုလည်း အလှူရှင်များ၏ လှူဒါန်းပေးမှုအပေါ်မူတည်၍ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)