ဟိုပုံး ၄ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ နိုင်ငံတော် အစိုးရအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် ၈၀ နှစ်နှင့် ၈၅ နှစ်ကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ ယနေ့ မွန်းလွဲ ၂ နာရီက ဟိုပုံးမြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွား ၁၈၅ ဦးအား တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ဟိုပုံးမြို့နယ် အတွင်းရှိ အသက် ၈၀ နှစ်နှင့် ၈၅ နှစ်ကြား သက်ကြီးဘိုးဘွား ၁၈၅ ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် စုစုပေါင်း ငွေကျပ် ၅၅၅၀၀၀၀ ကျပ်ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေးဝန်ထမ်းများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)


