မြင်းခြံ ၄ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဂျုပ္ပင်ကျေးရွာတွင် ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် မိုးကြိုးထိမှန်၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဂျုပ္ပင်ကျေးရွာနေ ဦးမောင်မြင့်၏ နေအိမ်မြောက်ဘက်ရှိ ဆိုင်ကယ်ပေါ်တွင် ဦးစိုးသူမှ ထိုင်နေစဉ် မိုးထစ်ချုန်းရွာသွန်းပြီး မိုးကြိုးထိမှန်သေဆုံးခဲ့သဖြင့် စစ်ဆေးချက်ရယူနိုင်ရန်အတွက် မြင်းခြံနာရေးကူညီမှုအသင်းမှ မြင်းခြံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြင်းခြံမြို့မရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)