နေပြည်တော် ၄ အောက်တိုဘာ
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂ ရက် နံနက် ၁ နာရီခွဲတွင် ကျိုင်းတုံမြို့နယ်၊ ဂျိုးဖြူကျေးရွာအနီး ကျိုင်းတုံ-မိုင်းဆတ် ကားလမ်း၌ ကျိုင်းတုံဘက်မှ မိုင်းဆတ်မြို့ဘက်သို့ မိုင်းတုံမြို့နယ်၊ နောက်ပါရင်ရပ်ကွက်နေ နေလင်းထွန်း(၂၇)နှစ်မောင်းနှင်ပြီး ကျိုင်းတုံမြို့၊ ကျိုင်းကာကျေးရွာ (၂)ရပ်ကွက်နေ မြတ်မင်းအောင်ပါ သုံးဦးလိုက်ပါလာသည့် 2C/xxxx Nissan ၁၀ ဘီးယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်မှ တရားမဝင် ထင်းရှူးသစ်ခွဲသား ၃၉၆ ချောင်း (၂၀.၉၄၀၆) တန်အား သိမ်းဆည်း ရမိခဲ့သဖြင့် နေလင်းထွန်းပါ လေးဦးအား ကျိုင်းတုံမြို့မရဲစခန်း အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)