ကျောက်တံခါး  ၄ အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၉ ဦးအား ရောဂါပိုးကင်းစင်သဖြင့် ယနေ့တွင် ပဲခူးမြို့ကလိဆေးရုံကြီးမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၉ ဦးမှာ တောကျွဲအင်း(ခ) အောင်မြင်မြို့မှ ၃ ဦး၊ ပဲနွယ်ကုန်းမြို့ သရက်အုပ်ကျေးရွာမှ ၃ ဦး၊ မြို့ချောင်လမ်းထိပ်ကျွန်းခင်းမှ ၁ ဦး၊ ဖိုးတကျေးရွာမှ ၂ ဦး စုစုပေါင်း ၉ ဦးဖြစ်ပြီး ၎င်းတို့အား ကျန်းမာရေးဝန်ထမ်းများနှင့် ကျောက်တံခါးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းကော်မတီအဖွဲ့မှ မော်တော်ယာဉ်များဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် နေအိမ်အသီးသီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

ကျောက်တံခါးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းကော်မတီမှ ပိုးကင်းစင်လူနာများအတွက် ထောက်ပံ့လှူဒါန်းငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခင်ကို(ကျောက်တံခါး)