ရန်ကုန်  ၅ အောက်တိုဘာ 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ကျရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ အမှတ်(၁၁)ရပ်ကွက်  အောင်မင်္ဂလာကျောင်းဝင်းအတွင်းရှိ Lockdown ချထားသော ဘုန်းတော်ကြီးကျောင်းအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ အာလူး၊ ငါးသေတ္တာ၊ အသားတုနှင့် လက်သန့်ဆေး ရည်များကို ယမန်နေ့ ညနေပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။

 

ထိုသို့ လှူဒါန်းပေးအပ်ရာတွင် လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ကိုယ်စား လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်(၂) ဦးဇော်အောင်တို့က သွားရောက်ပေးအပ်လှူဒါန်းခဲ့သည်။

 

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမျာ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရောဂါကူးစက်မှုလျော့ကျရေးအတွက်ကို အရှိအဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)