ရပ်စောက် ၅  အောက်တိုဘာ   

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှစ်မှ (၈၅)နှစ် မပြည့်သေးသည့် သက်ကြီး ဘိုးဘွားများအား ယမန်နေ့က ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးရာတွင် ဈေးတန်းရပ်ကွက်ရှိ ဘိုးဘွား(၂၁)ဦးတို့အား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်ဖြင့် စုစုပေါင်း( ၆၃၀၀၀၀ )ကျပ်ကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ထွေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး၊ မိခင်နှင့်ကလေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် စာရေးတို့မှ အိမ်တိုင်ရာအရောက် ဘိုးဘွားများ၏ လက်ဝယ်ထံသို့ ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး အလားတူ အခြားသော ရပ်ကွက်/ကျေးရွာရှိ ဘိုးဘွား(၄၈၆)ဦးတို့အား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)