မိုးနဲ ၅ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် စိန်တောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုန္ဒရ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီနှင့် ရွှေပိုး (GROUP)တို့ ပူးပေါင်းကာ ဆွမ်းအခက်အခဲရှိသော ကုန်းလွန်းကျေးရွာ အုပ်စု ၊ ဟွေဟေးကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ယနေ့ နံနက်ပိုင်းက ဆွမ်းဆန်တော်နှင့်စားသောက် ဖွယ်ရာများ ၁၅ ရက်စာအတွက် သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်လှူဒါန်းရာတွင် စိန်တောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုန္ဒရ ၊ ရွှေပိုး (GROUP) မှ ဦးစိုင်းပင်ဖနှင့် အဖွဲ့ဝင်များက ဆွမ်းဆန်တော် ၂ အိတ်၊ ဆီတစ်ဘူး၊ ဆား ငါးထုတ် ၊ ကုလားပဲ နှစ်ပြည်၊ ကြက်ဥအလုံး ၃၀ အပါအဝင် ဟင်ချက်စရာမျိုးစုံ ၂၂ မျိုးကို ဘုန်းတော်ကြီး ကျောင်းဆွမ်း အဆင်ပြေစေရန် (၁၅)ရက်စာအတွက် သွားရာက်ဆက်ကပ်လှူဒါန်းခဲ့ရာ ဟွေဟေး ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသုပညာက လက်ခံခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)


