(၅-၁၀-၂၀၂၀ ရက်၊ လန်ဒန်မြို့)
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ အစီအစဉ်ဖြင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်လျက်ရှိရာ ဒိန်းမတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက်လည်း မဲပေးခွင့် မဆုံးရှုံးစေရန် ပူးတွဲတာဝန်ယူထားသည့် မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံတမန်တစ်ဦးအား ဒိန်းမတ်နိုင်ငံသို့ စေလွှတ်၍ မဲရုံဖွင့်လှစ်ပြီး ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
မဲရုံအား Copenhagen မြို့ Ascot Hotel တွင် ၄-၁၀-၂၀၂၀ ရက်၊ နံနက် ၀၉၀၀ နာရီမှ ညနေ ၁၆၀၀ နာရီအထိ ဖွင့်လှစ်ခဲ့ရာ ဒိန်းမတ်နိုင်ငံရှိ မြန်မာနိုင်ငံသား (၁၃) ဦး နှင့် နယ်နိမိတ်ချင်း ထိပ်စပ်နေသည့် ဆွီဒင်နိုင်ငံမှ မြန်မာနိုင်ငံသား (၅) ဦး၊ စုစုပေါင်း (၁၈) ဦးတို့သည် အိမ်ရှင်နိုင်ငံမှ ချမှတ်ထားသည့် COVID-19 ဆိုင်ရာ စည်းကမ်းချက် များနှင့်အညီ (၂) မီတာချဲ၍ တန်းစီ ဝင်ရောက်ခြင်း၊ မျက်နှာဖုံး တပ်ဆင်ခြင်း၊ တစ်ခါသုံး လက်အိတ်နှင့် ဘောပင်တို့ကို အသုံးပြု၍ ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရှိရပါသည်။
Crd>Ministry of Foreign Affairs Myanmar


