နေပြည်တော် ၅ အောက်တိုဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးသုံး ပစ္စည်းများနှင့် အလှူငွေပေးအပ် လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် ဦးတင်ထွန်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

 

လှူဒါန်းပွဲတွင် မြန်မာ့ဩဘာလုပ်ငန်းစုမှ အလှူငွေကျပ် (၁၀) သိန်း၊ Mask (၄၀၀)နှင့် ဟိုက်ပိုကလို ရိုက်ပိုးသတ်ဆေး ရည်ဘူး(၅၀)တို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်(ပျဉ်းမနား)မှ အလှူငွေကျပ် (၁၅) သိန်းကိုလည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများကပေးအပ်လှူဒါန်းကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်