(၅-၁၀-၂၀၂၀ ရက်၊ လန်ဒန်မြို့)
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ အစီအစဉ်ဖြင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်လျက်ရှိရာ အိုင်ယာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက်လည်း မဲပေးခွင့် မဆုံးရှုံးစေရန် ပူးတွဲတာဝန်ယူထားသည့် မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံတမန်တစ်ဦးအား အိုင်ယာလန်နိုင်ငံသို့ စေလွှတ်၍ မဲရုံဖွင့်လှစ်ပြီး ကြိုတင်ဆန္ဒ မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
မဲရုံအား Dublin မြို့တော်အနီး Dunboyne ရွာ၌ ၄-၁၀-၂၀၂၀ ရက်နေ့၊ နံနက် ၀၉၃၀ နာရီမှ ညနေ ၀၅၀၀ နာရီအထိ ဖွင့်လှစ်ခဲ့ရာ မဲဆန္ဒရှင် (၂၀) ဦးအနက် (၁၆) ဦး လာရောက်ပြီး အိမ်ရှင်နိုင်ငံမှ ချမှတ်ထားသည့် COVID-19 ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ (၂) မီတာချဲ၍ တန်းစီ ဝင်ရောက်ခြင်း၊ မျက်နှာဖုံး တပ်ဆင်ခြင်း၊ တစ်ခါသုံး လက်အိတ်နှင့် ဘောပင်တို့ကို အသုံးပြု၍ ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရှိရပါသည်။
Crd>Ministry of Foreign Affairs Myanmar


