ဂန့်ဂေါ   ၅   အောက်တိုဘာ

၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျပ်သန်း(၁၀)သန်းနှင့် (၁၀၀)သန်းကြား ကုန်ထုတ်လမ်းဖောက်လုပ်မည့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊  စိုင်ဒူးကျေးရွာ နှင့် ရဲလှကျေးရွာတို့ရှိ လမ်းအခြေအနေများအား မြေပြင်ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က  ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

အဆိုပါစီမံကိန်းဖြင့် စိုင်ဒူးကျေးရွာ၌ လမ်းအရှည် ၁ မိုင်ခွဲ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေဖြင့် ကျောက်ရောမြေခင်းခြင်း၊ လမ်းအရှည် ၁ မိုင်ခွဲ၊ အကျယ် ၁၂ ပေ၊ ထု ၉လက်မဖြင့် မြေနီကျောက်စရစ် ခင်းခြင်းနှင့် အလျားပေ ၂၀၊ အကျယ် ၆ လက်မ၊ ထု ၆ လက်မရှိသော Box Culvert (၁)စင်း၊ ရဲလှကျေးရွာတွင်းလမ်းအရှည် ၂ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေဖြင့် ကျောက်ရောမြေခင်းခြင်း၊ လမ်းအရှည် ၂ မိုင် ၄ ဖာလုံ၊  အကျယ် ၁၂ ပေ၊ ထု ၉လက်မဖြင့် မြေနီကျောက်စရစ်ခင်းခြင်းနှင့် အလျား ပေ ၂၀၊ အကျယ် ၆ လက်မ၊ ထု ၆ လက်မရှိသော Box Culvert (၁)စင်းတည်ဆောက်မည့် အခြေအနေ များအား ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်မြသက်ထွေးနှင့် တာဝန်ရှိသူများ၊ ကျေးရွာလမ်းကော်မတီဝင်များ၊ လမ်းဘေးဝဲယာတောင်သူများနှင့် အတူ မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးဆဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)