ချောင်းသာ  ၅   အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ Facility Quarantine စင်တာ၌ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုသွားရောက်ကူညီဆောင်ရွက်ခဲ့သော ချောင်းသာမြို့ ကြက်‌ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ (၅)ဦးကို ယနေ့ နံနက်(၉)နာရီခန့်က‌ ချောင်းသာမြို့ ကြက်‌ခြေနီတပ်ဖွဲ့ရုံးတွင် သက်ဆိုင်ရာတာဝန်ရှိ သူများက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုလည်ဆွဲများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကြက်‌ခြေနီတပ်ဖွဲ့ဝင်များမှာ ရန်ကုန်တိုင်းဒေသကြီးမှပြန်လာပြီး မိမိတို့အိမ်တွင် (Stay at Home) တစ်ပတ်နေထိုင်ခဲ့ပြီးမှ ကျန်းမာရေးကောင်းမွန်သဖြင့် သွား‌ရောက်တာဝန်ထမ်းဆောင်ခဲ့သည့် အပေါ်ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုလည်ဆွဲများကို ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ ချောင်းသာနယ်မြေရဲစခန်းမှူးနှင့်‌ ချောင်းသာကြက်ခြေနီအသင်းခွဲငယ်ဉက္ကဋ္ဌတို့မှ ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)