ဝေါ ၆ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အဗျားငှက်ချေးကျေးရွာအနီး စစ်တောင်းဗျူဟာ လမ်းဆုံအနီးတွင် အောက်တိုဘာ ၅ ရက် နံနက် ၈ နာရီခွဲခန့်က အထောက်အထားမဲ့ ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့သည်။
ဝေါမြို့နယ် အရှေ့ဘက် (၇)မိုင်ခန့်အကွာ အဗျားငှက်ချေးကျေးရွာ စစ်တောင်းဗျူဟာလမ်းဆုံ အနီးတွင် ယာဉ်တစ်စီးကို မသင်္ကာသဖြင့် ဝေါမြို့မရဲစခန်းမှ တာဝန်ရှိသူများက သက်သေများနှင့်အတူ လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရာ ကျော်လှိုင်(ခ)စောကျော်လှိုင် မောင်းနှင်သည့် ယာဉ်ပေါ်တွင် တရုတ် နိုင်ငံသား အမျိုးသား (၅)ဦး၊ အမျိုးသမီး (၂) ဦး စုစုပေါင်း(၇)ဦးတို့အား တွေ့ရှိရသည်။ ၎င်းတို့ကို စစ်ဆေးရာ နိုင်ငံကူးလက်မှတ် ပြည်ဝင်ခွင့် ဗီဇာ အထောက်အထား မပါရှိကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် တရားမဝင် အထောက်အထားမဲ့ ဝင်ရောက်လာသော တရုတ်နိုင်ငံသား (၇)ဦးအား ဝေါမြို့မရဲစခန်းက ဥပဒေနှင့်အညီ တရားစွဲဆိုတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)