ပင်းတယ ၆ အောက်တိုဘာ
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတား၊ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရး ဦးစီးဌာန၊ ၂၀၁၉-၂၀၂၀၊ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် (၂၁၃၄ ဒသမ ၂၉၄) သန်းဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင် မြေသားလမ်း (၃)မိုင် (၁) ဖာလုံ၊ ကျောက်လမ်း (၁၂) မိုင် (၅) ဖာလုံ၊ ကတ္တရာလမ်း (၂)မိုင် (၃)ဖာလုံ၊ ပေ (၆၀)အရှည်ရှိ တံတား (၁)စင်း၊ တံတားငယ် (Box Culvert) (၂၄) စင်းတို့အား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးရေး ကြီးကြပ်ရေးရုံး၊ မြို့နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဖေထံမှ သိရသည်။
အဆိုပါ လုပ်ငန်းများပြီးစီးမှုကြောင့် ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဖြစ်သော ကျေးရွာပေါင်း(၂၄)ရွာမှ အိမ်ထောင်စုပေါင်း(၄၅၇၀)စု၊ လူဦးရေ(၂၀၀၈၂) ဦးတို့အား ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် ဒေသ စီးပွားရေး၊ လူမူရေး၊ ကျန်းမာရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူပြုသွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)


