ဟားခါး ၆ အောက်တိုဘာ
ချင်းပြည်နယ် ဟားခါးမြို့မှ (၂၄)မိုင်ခန့်အကွာ ဟားခါး−ဂန့်ဂေါလမ်းတွင် ဂန့်ဂေါမှ ဟားခါးသို့ ထွက်ခွာလာသော ယာဉ်အမှတ် MDY 3Q/---- FORLAND ခြောက်ဘီးကားအဖြူရောင်ယာဉ်သည် အောက်တိုဘာ ၅ ရက် ည ၁၀ နာရီခန့်က ယာဉ်မောင်းအိပ်ငိုက်ရာမှ ယာဉ်အရှိန်လွန်ပြီး ပေ(၅၀)ခန့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်၍ အခင်းဖြစ်ပွားရာနေရာ၌ ယာဉ်မောင်းသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဂန့်ဂေါမှ ဟားခါးသို့ ထွက်ခွာလာသော ယာဉ်မောင်း ဦးနိုင်လင်းဦး အသက် (၄၀) နှစ်ခန့် မောင်းနှင်လာသည့် ခြောက်ဘီးကားသည် သစ်ခွဲသားများ တင်ဆောင်လာပြီး ယာဉ်မောင်းအိပ်ငိုက်ရာမှ ယာဉ်အရှိန်လွန်ပြီး ပေ(၅၀)ခန့် ချောက်ထဲသို့ ထိုးကျကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ယာဉ်တိမ်းမှောက်သည့် နေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဉီးသျှန်နွန်မောင် ဉီးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် သူနာတင်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယာဉ်မောင်း ဦးနိုင်လင်းဦးသည် ဦးခေါင်းငယ်ထိပ်ပေါက်ဒဏ်ရာ၊ ယာဘက် ခြေသလုံးပေါက်ပြဲဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ဟားခါးမြို့၊ ပြည်သူ့ ဆေးရုံကြီးသို့ ဟားခါးခရိုင် စခန်းရှိ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးနိုင်လင်းဦးအား ဟားခါးမြို့မရဲစခန်းမှ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)