မြင်းမူ ၆ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က၊ မြင်းမူမြို့နယ် (COVID.19 )ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေး ပို့ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်သောပစ္စည်းများအား သက်ဆိုင်ရာအဖွဲ့အစည်းသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲကို အောက်တိုဘာ ၅ ရက်က မြင်းမူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်သစ်ခန်းမတွင် ပြုလုပ်ခဲ့ သည်။ ပေးအပ်ပွဲတွင် မြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်က၊ လက်ခံရယူကြမည့် အသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို၊ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပစ္စည်းများကို CBFQ စခန်းများ ဖွင့်လှစ်ထားရှိသည့်၊ မြင်းမူမြို့(၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံသို့ mask အခု (၁၀၀၀)၊ FaceShield(၁၀)ခု၊ လက်အိတ်(၁၀)စုံ၊ (အ.ထ.က)တောချောင်ဦးသို့ PPE ဝတ်စုံ(၁၀)စုံ၊ maskအခု(၁၀၀၀)၊ FaceShield(၁၀)ခု၊ လက်အိတ်(၁၀)စုံ၊ ခွက်ခွင်းတိုက်နယ်ဆေးရုံ သို့ PPE ဝတ်စုံ(၁၀)စုံ၊ mask(၁၀၀၀)၊ FaceShield (၁၀)ခု၊ လက်အိတ်(၁၀)စုံ တို့ကိုလည်းကောင်း၊ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင်၊ တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသော (Volunteers) အသင်းအဖွဲ့များ ဖြစ်သည့် မြင်းမူမြို့ရှိ မြတ်သုခလူမှုကူညီရေးအသင်း၊ ယသစရိယလူမှုကူညီရေး အသင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကွန်ရက်အဖွဲ့တို့အား PPE (၁၀)စုံ၊ mask အခု (၁၀၀၀)၊ Face Shield (၁၀)ခုနှင့် လက်အိတ် (၁၀) စုံစီတို့ကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)


