ခိုင်ကမ်း ၆   အောက်တိုဘာ

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင်  ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး မဲပေးခွင့် မဆုံးရှုံးစေရေး မဲစာရင်းများ Door to Door  တစ်အိမ်တက် တစ်အိမ်ဆင်း စနစ်ဖြင့် မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ခိုင်ကမ်းမြို့အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ  တာဝန်ရှိသူများက ရပ်ကွက်အလိုက် တစ်အိမ်တက် တစ်အိမ်ဆင်း (Door to Door) စနစ် ဖြင့် အိမ်ထောင်စု တစ်ခုချင်းစီအလိုက် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း သတ်မှတ်ကုတ်နံပါတ်များ စီစစ်ခြင်းနှင့် မဲစာရင်းတွင် အမည်ပါဝင်ခြင်းမရှိသည့် အခြေခံမဲဆန္ဒရှင်တို့အတွက် ပုံစံ(၃) ဖြင့် လည်းကောင်း  စာရင်းတွင် မပါဝင်သင့်သူများကို ပုံစံ(၄)နှင့် အချက်အလက် မှားယွင်းနေမှုတို့အတွက် ပုံစံ ၄(ဂ) ပြင်ဆင်လွှာတင်သွင်းတို့ကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)