မန္တလေး ၆ အောက်တိုဘာ
Covid-19 ကာကွယ်ထိန်းချုပ်ရေးကာလ အောက်တိုဘာ ၅ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ကုန်သယ်ယူပို့ဆောင်ရေးနှင့် မြို့ဝင်မြို့ထွက်ကိစ္စများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး အောက်တိုဘာ ၅ ရက် ညနေ ၆ နာရီမှစတင်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် ကုန်တင်ယာဉ်များအားလုံး သတ်မှတ်ဖြတ်သန်းခပေးဆောင်စေ၍ ဖြတ်သန်းခွင့်ပြုခဲ့သည်။
အမြန်လမ်းပေါ် ယာဉ်များဖြတ်သန်းရာတွင် ကိုယ်ပိုင်ယာဉ်ငယ်များ 100km/h ၊ ခရီးသည်တင် ယာဉ်များ 80 km/h ၊ လိုက်ထရပ်ယာဉ်များ 60km / h ၊ ကုန်တင်ယာဉ်များ 60km /h အမြန်နှုန်းမောင်းနှင်ရန်နှင့် ကုန်တင်ယာဉ်များအားလုံး လက်ယာဘက်ယာဉ်ကြောမှမောင်းနှင်ရန်နှင့် Rest Camp များတွင်သာ ရပ်နားရမည်ဖြစ်ပြီး လမ်းဘေးတွင် ကြုံသလိုရပ်၍ လမ်းဘေးဆိုင်များတွင် စားသောက်ခြင်းမပြုရန်နှင့် ဖြတ်သန်းရာတွင် အမြန်လမ်းရဲတပ်ဖွဲ့၏ စစ်ဆေးကြီးကြပ်မှုကို လိုက်နာဆောင်ရွက်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာနက အသိပေးထားသည်။
မောင်ပြည်သူ(မန္တလေး)


